University of Computer Studies ( Monywa)
Would you like to react to this message? Create an account in a few clicks or log in to continue.
ကွန်ပျူတာတက္ကသိုလ် (မုံရွာ)
5 posters
    Programming အကြောင်း
    winkoko
    winkoko
    Second Member
    Second Member
    Posts : 20
    Join date : 2009-08-13
    Age : 37
    Location : ရန်ကုန်(ခေတ္တ)
    Programming အကြောင်း Empty Programming အကြောင်း
    Post by winkoko Thu Aug 13, 2009 9:50 am
    Programming နဲ့ပတ်သက်တာပြောဆိုလို့ပြောရတာပေါ့
    ကျွန်တော်က Software Company တစ်ခုမှာ ဟိုစပ်စပ် ဒီစပ်စပ် Coder ပေါ့ဗျာ...
    Programmer မဟုတ်သေးပါဘူး..
    ကျွန်တော်ပြောချင်တာက Programming မှာ Language က အရမ်းကြီးအရေးမကြီးကြပါဘူး..
    ခင်ဗျားဘာသိသလဲဆိုတာက ပိုအရေးကြီးပါတယ်
    Concept ပေါ့ဗျာ..
    ကျွန်တော်တို့လို Computer ကျောင်းသားတွေအတွက်တော့ Theory အပိုင်းက ကျောင်းမှာ သင်ခဲ့ရပြီးပါပြီ..
    တကယ် အလုပ်ခွင်မှာကျတော့ ကျွန်တော်တို့တွေရမည့် အခက်အခဲက စာအုပ်ထဲကလိုမဟုတ်ပါဘူး..
    ကိုယ်ထင်မထားတဲ့ အပိုင်း က ပေါ်လာတတ်တာပါ
    အဲဒါကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ Concept ကိုကျေညက်အောင်လုပ်ပါ...
    ကိုယ်တိုင်လေ့လာပါ (တချို့ အကြောင်းအရာတွေက လုပ်ရင်းနဲ့သိလာကြတာပါ သင်တန်းတက်ရင်တောင် သင်တန်းက သင်မပေးလိုက်နိုင်ပါဘူး Troubleshooting လိုမျိုးပေါ့ဗျာ )
    ဘယ် Language မှ ငါက ရေးတတ်တာ ဒီ Language ကိုတော့ ငါမသိဘူး လို့မရပါဘူး..
    တကယ်က ဘယ် Language မဆို Concept နဲ့ Logic မပိုင်ရင် programmer ကောင်း မဖြစ်နိုင်ပါဘူး
    ကျွန်တော်တို့ဆီမှာ သင်တန်းလေး တစ်ခုနှစ်ခု တက်ပြီး ငါက Program ရေးနိုင်ပြီ Programmer ဖြစ်ပြီလို့ထင်ကြပါတယ် ..
    တကယ်တော့ ကျွန်တော်က အဲလိုမထင်ပါဘူး..( ကိုယ့်ကိုယ်ကိုလည်း မထင်ရဲသေးပါဘူး လိုအပ်နေသေးတယ်လို့ထင်နေတာပါ)
    coder ပဲများကြတာပါ Programmer စစ်စစ်ရယ်လို့သိပ်မရှိကြသေးပါဘူး..လက်ချိုးလို့ရပါတယ်
    coder နဲ့ Programmer ဘာကွာသလဲ ဆိုရင်
    ကျွန်တော်တို့ လက်သမား နဲ့ Engineer နဲ့ကွာသလိုပေါ့ဗျာ..
    နှစ်ဆောင်ပြိုင်အိမ်ကလေးဆောက်ဖို့ဆိုရင် လက်သမားလည်း ဆောက်တတ်သလို Engineer လည်း ဆောက်တတ်ပါပဲ
    အဲ တကယ် 5 Star အဆင့် Hotel လိုမျိးကြီးကျတော့ လက်သမားမတတ်နိုင်ပါဘူး..
    ပြောချင်တာက နှစ်ဆောင်ပြိုင်အိမ်လောက်မှာ သိပ်မကွာပါဘူး..အရည်အချင်းက..
    ဘယ်နေရာမှာကွာ သွားသလဲဆိုတော့ Hotel လိုမျိုးမှာ ဘယ်လို အုတ်မြစ်ချမလဲ ဘယ်လိုအခန်းဖွဲ့မလဲကျတော့ Engineer ကို သူမမှီတော့ပါဘူး..
    အဓိက က အဲဒါပါပဲ
    Coder တစ်ယောက်လည်း code တာပါပဲ
    Programmer တစ်ယောက်လည်း Code တာပါပဲ
    ဘယ်နေရာမှာကွာသွားသလဲဆိုတော့ Code Line တစ်ခုရဲ့ အကျိုး အပြစ် Performance ဆောင်ရမည့် code ရှောင်ရမည့် Code ကိုကျတော့ Coder က မသိတော့ပါဘူး..
    ပြီးတော့ Creative Idea မှာလည်း Programmer ကိုမမှီပါဘူး..
    အဲဒါတွေက ကိုယ်တိုင်လုပ်ယူမှ ရမည့် အရာတွေပါ
    ကိုယ့်ရဲ့ စိတ်ပါဝင်စားမှု လေ့ကျင့်ကြိုးစားမှု Programming အပေါ်မှာ ရူးသွပ်မှုတွေရှိမှ ဖြစ်လာမှာပါ
    တချို့လူတွေပြောကြပါတယ် programmer တစ်ယောက်ဖြစ်ဖို့က လွယ်ပါတယ်ကွာတဲ့
    သူတို့မသိလို့ပြောကြတာပါခင်ဗျာ..
    သူတို့က coder တွေကို programmer တွေလို့ထင်ကြတာပါ
    သူတို့ပြောတာ ဟုတ်ပါတယ် Coder တစ်ယောက်ဖြစ်ဖို့ တော့ လွယ်ပါတယ်
    programmer ကောင်း တစ်ယောက်ဖြစ်ဖို့ ခက်ခဲပါတယ်လို့ ပြောရင်း
    Programming Field ထဲမှာရောက်နေတဲ့ ဘော်ဘော်တွေကိုယ်စား ကျွန်တော်ကပဲ ဒိနေရာကနေ ပြောပြချင်ပါတယ်
    ခင်မင်တတ်သော
    Admin
    Admin
    Site Admin
    Site Admin
    Posts : 20
    Join date : 2009-07-30
    Age : 37
    Location : Yangon
    Programming အကြောင်း Empty ကျေးဇူးပါ ကိုဝင်းကိုကိုရေ..
    Post by Admin Thu Aug 13, 2009 2:05 pm
    အခုလိုဝင်ရောက်ပြောကြားသွားတဲ့ ကိုဝင်းကိုကို ကိုကျေးဇူးတင်ပါတယ်။ နောက်လည်း
    ပရိုဂရမ်းမင်း ပိုင်းနဲ့ပက်သက်လို့ အခက်အခဲလေးတွေကိုလဲ ရှင်းပြပေးစေချင်ပါတယ်။
    ကျွန်တော်က နက်ဝက်ကင်း ပိုင်းကဆိုတော့ ပရိုဂရမ်းမင်း ပိုင်းကို သိပ်မသိဘူးဗျ။
    အဲတော်တော်ကို ဝေးနေတယ်လို့ပြောရင်ပိုမှန်ပါတယ်။ အဲတော့ ပရိုဂရမ်မင်းပိုင်းနဲ့
    ပက်သက်လာရင်တော့ ကိုဝင်းကိုကို လို လူမျိုးတွေကို ၀င်ရောက်ဆွေးနွေးပေးစေချင်ပါတယ်။
    ကွန်ပျူတာကျောင်းသား၊ ကျောင်းသူများကိုယ်စား အထူးကိုကျေးဇူးတင်ပါတယ်။
    လေးစားစွာဖြင့်
    အက်မင်
    avatar
    phyuphwe
    Fresher Member
    Fresher Member
    Posts : 3
    Join date : 2009-08-11
    Age : 35
    Programming အကြောင်း Empty Re: Programming အကြောင်း
    Post by phyuphwe Wed Sep 23, 2009 11:15 am
    C ++ ကို လေးကျင့်ချင်တယ် ဘယ်လိုrun လိုရမလဲ
    ပြောပြပေးပါလား
    PHOENIX
    PHOENIX
    Administrator
    Administrator
    Posts : 25
    Join date : 2009-08-16
    Programming အကြောင်း Empty Re: Programming အကြောင်း
    Post by PHOENIX Mon Jan 25, 2010 2:27 pm
    phyuphwe wrote:C ++ ကို လေးကျင့်ချင်တယ် ဘယ်လိုrun လိုရမလဲ
    ပြောပြပေးပါလား
    ဒါလေးကို Download လုပ်ပြီး ဖတ်ကြည့်ပါလားဗျာ..
    အဆင်မပြေရင် ထပ်ပြောပေါ့ခင်ဗျာ..
    ဒါနဲ့ မဖြူဖွေးရေ..ခုနောက်ပိုင်း .Net တွေခေတ်စားနေတယ်ဗျ.. အဲဒါကို စိတ်မ၀င်စားဘူးလားဗျာ
    ခင်တဲ့
    PHOENIX
    avatar
    yewinaung*
    Fresher Member
    Fresher Member
    Posts : 1
    Join date : 2012-07-24
    Programming အကြောင်း Empty program တွေကိုစိတ်ဝင်စားတယ်
    Post by yewinaung* Tue Jul 31, 2012 8:37 am
    သိပ်မြင့်တယ် ပညာရဖို့ဆိုရင်တော့ ကြိုးစားရမှာပေါ့ဗျ
    ကျွန်တော်တို့လည်းမိခင် ကွန်ပျူတာတက္ကသိုလ် ကျောင်းဆင်းပါပဲဗျာ
    လက်တွေတော့ ကြိုးစားရအုံးမှာပါပဲ
    Sad Razz lol! javascript:emoticonp('lol!')
    Sponsored content
    Programming အကြောင်း Empty Re: Programming အကြောင်း
    Post by Sponsored content
      Current date/time is Tue May 07, 2024 4:08 am