University of Computer Studies ( Monywa)

Would you like to react to this message? Create an account in a few clicks or log in to continue.

ကွန်ပျူတာတက္ကသိုလ် (မုံရွာ)


    ကိုယ်တိုင်ရေးတဲ့ ကိုယ့်အကြောင်းများ...................

    avatar
    KyawGyi
    First Member
    First Member


    Posts : 5
    Join date : 2009-07-30

    ကိုယ်တိုင်ရေးတဲ့ ကိုယ့်အကြောင်းများ................... Empty ကိုယ်တိုင်ရေးတဲ့ ကိုယ့်အကြောင်းများ...................

    Post by KyawGyi Fri Jul 31, 2009 3:44 pm

    မုံရွာကွန်ပျူတာကျောင်းသူကျောင်းသားတိုင်း ဒီ forum လေးကိုမြင်ရင် ကျောင်းကြီးနဲ့တကွ ကျောင်းတတ်စဉ်က အဖြစ်အပျက် အမှတ်တရတွေကို ပြန်ပြောင်းသတိရနေမှာအမှန်ပါပဲ.......
    မည်သို့ပင်ဆိုစေကာမူ.....ကွန်ပျူတာကျောင်းကြီးကိုတော့ လွမ်းဆွတ်တမ်းတနေတဲ့အထဲမှာ ကျွန်တော်လဲပါတယ်လေ...ကျွန်တော်ကတော့ကွန်ပျူတာဆိုတာကိုဘာမှန်းမသိဘဲနဲ့
    ကွန်ပျူတာကျောင်းကြီးကို ရောက်ခဲ့တာ 2003 ခုနှစ် ကတဲကဆိုပါတော့.....2009 မှာမဟာတန်းကို အောင်တယ်မဟုတ်ဘူးဗျ...ကျသွားတယ် ကျတာမှလူကျမကျဘူးဗျာ...၀မ်းနည်းစရာပါပဲ...ပြောရင်လူမဟုတ်တော့ဘူးဗျ...ဒါနဲ့ပဲ 6နှစ်တာကာလကျောင်းသားဘ၀ပြီးဆုံးလိုက်ပါတော့တယ်...ဆက်လဲတတ်ချင်တော့ဘူးဗျာ.....
    အလုပ်ထဲကိုပဲဝင်ချင်နေပီ...ဘာပဲပြောပြော 6နှစ်တာကာလ သင်ခဲ့တာတွေ သင်ကြားပေးလိုက်တဲ့ ဆရာတွေနဲ့ ကိုယ့်ကိုတိုင်လေ့လာမှု့တွေ မသိတာတွေလဲရှိ ကျန်နေတာလဲရှိ နဲ့လေ့လာစရာတွေလဲ လေ့လာရင်းပေါ့ဗျာ.....ဖလှယ်ကျ၇အောင်ပါ...ကဲ
    ဒါက ကျွန်တော်အကြောင်း...ထားပါတော့လေ...ဒီ forum လေးကနေ ကျွန်တော်ကိုခင်တဲ့ ခင်ချင်တဲ့ ခင်ဘူးတဲ့ သူငယ်ချင်းဘယ်သူ့ကိုမဆို ကျွန်တော်တို့တွေခင်လို့ရသွားပီပေါ့...ခင်မယ်
    တွေ့မယ် ပညာတွေဖလှယ်မယ် နည်းပညာအကြောင်းတွေပြောကြမယ်...အစုံအစုံ အသစ်တွေပြောမယ် လာမယ့်အသစ်တွေပြောကြမယ် အတိတ်ကိုတူးမယ်...ကဲ...အားလုံးပဲ ၀င်ရောက်လေ့လာ မေးမြန်း/ခံ သွန်သင်ဆုံးမ တောင်းဆိုနိုင်ကြပါတယ်ဗျာ...........[img][/img]www.google.com Neutral Neutral Neutral Like a Star @ heaven Like a Star @ heaven silent silent silent cheers geek rendeer

      Current date/time is Sat Apr 27, 2024 10:05 am