ကွန်ပျူတာတက္ကသိုလ် (မုံရွာ)
    ဖတ်မိ၍ နှစ်သက်ခဲ့သောစာပေများ
    Share
    yinyinhtwe
    Fresher Member
    Fresher Member
    Posts : 3
    Join date : 2009-08-10
    Age : 31
    Location : monywa
    "ကျေးဇူးတင်ပါတယ်"
    Post by yinyinhtwe on Wed Aug 12, 2009 4:20 pm
    အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ
    ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့
    လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး
    “ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲလို့” အော်ဟစ် အကူအညီ
    တောင်း လိုက်တယ်။
    ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့
    ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့်
    ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။
    ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက
    “ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး
    ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး
    “ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။
    ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့်
    ဘေးလူတစ်ယောက်က
    “ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။
    အဲဒီအချိန်မှာ ကလေးငယ်တစ်Uီးက ထွက်လာပြီး
    “ကျွန်တော် ကူမယ်” လို့ပြောလိုက်တယ်။
    ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင်
    မကြာတဲ့အချိန်နဲ့ ကားအောက်က ထွက်ပြီး ကားပိုင်ရှင်ကို
    မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက
    ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက -
    “ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။
    ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။
    ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက
    ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီး ကလေးကို
    ကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး
    “ဘာလဲ? မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့
    အော်လိုက် တယ်။
    “နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာ
    အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး” လို့ ကလေးငယ်က ပြန်ပြောတော့
    “ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက်
    မေးပြန်တယ်။
    “ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ”
    လို့ ကလေးက ပြန်ပြော လိုက်တယ်။
    လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း
    ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။ တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က
    ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ
    ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကို
    အဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင်
    အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ
    မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?
    avatar
    Admin
    Site Admin
    Site Admin
    Posts : 20
    Join date : 2009-07-30
    Age : 31
    Location : Yangon
    အပြန်အလှန် နားလည်မှု
    Post by Admin on Fri Aug 14, 2009 9:34 am
    လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း
    ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။ တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က
    ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ
    ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကို
    အဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင်
    အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ
    မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?
    အင်း.........
    ဒီစာလေးကိုဖတ်ကြည့်တော့ စဉ်းစားဖို့ကောင်းတယ်။ လူတိုင်းလူတိုင်း ဟာကိုယ့်နေရာမှာ ကိုယ်မှန်နေကြတယ်ဆိုတာ
    နဲ့ ပြီးသွားကြမလား။ ဒါပေမယ့် အမှန်တရားတစ်ခု အတွက်တော့ ဘယ်သူမှကိုယ့်ကိုယ်ကို မမှားရဲကြသေးဘူးလေ။
    ကျွန်တော်လည်း ဒီလိုပါပဲ။ ကျွန်တော်ဘက်က မှန်တယ် ထင်တာလေး တစ်ခုအတွက် ဘာမဆိုလုပ်နိုင်ပေမယ့်
    သူများ ရဲ့ အမှန်တရား အတွက်တော့ ကိုယ့်ကိုယ်ကို အမှား ပါလို့ ၀န်ခံရမှာကို လက်မခံချင်သေးဘူး။
    တစ်ခါတစ်လေ ကြိုးစားကြည့်မယ်လို့ စိတ်ကူကြည့်ပေမယ့် လက်တွေ့ ကြုံလာတဲ့ အခါကျတော့ ကိုယ့် အတ္တက
    သာအနိုင်ယူသွားတာပါပဲ။
    အမှန်တရား ဆိုတာ ကိုယ်အတွက် လား ။ အားလုံးအတွက် လား ။ဒါမှမဟုတ် ဘယ်သူ့အတွက်မှ မဟုတ်ဘူးလားဆိုတာ။ ကျွန်တော်တော့သေချာ မသိသေးပါဘူးဗျာ။
    အာလုံးဝိုင်းဝန်း ဖြေကြည့်ကြပါဦး။
    လေးစားစွာဖြင့်
    အက်မင် Exclamation
    avatar
    gabar
    First Member
    First Member
    Posts : 6
    Join date : 2009-07-30
    Location : Yangon
    အမှန်တရားဟာ ...
    Post by gabar on Fri Aug 14, 2009 10:51 pm
    အမှန်တရား ဆိုတာ ကိုယ်အတွက် လား ။ အားလုံးအတွက် လား ။ဒါမှမဟုတ် ဘယ်သူ့အတွက်မှ မဟုတ်ဘူးလားဆိုတာ။ ကျွန်တော်တော့သေချာ မသိသေးပါဘူးဗျာ။
    မသိသေးတဲ့ နေရာမှာ နေရတာပို ကောင်းတယ်ဗျ။
    ကလေး ဘ၀ တုန်းကဆိုဘာမှသိဘူး။ ရည်းစားမသိဘူး။ ကွန်ပျူတာမသိဘူး။ အိုင်တီမသိဘူး၊
    ပိုက်ဆံမသိဘူး။ အများကြီးမသိဘူး။ အဲတော့ အများကြီးမပင်ပန်းခဲ့ဘူးဗျား။
    ခုတော့ အသက်နဲ့ ဒုက်ခ ဟာတိုက်ရိုက်အချိုးကျနေတယ်လို့တောင်ထင်လာတယ်။ ဟီးဟီး
    ဒါက လည်းကျွန်တော့်ဘက်ကအမြင်ပေါ့။ အများကြီးမှားနိုင်ပါတယ်။
    သူငယ်ချင်းများကို ခင်မင်စွာဖြင့်
    gabar
    avatar
    Hsumon
    First Member
    First Member
    Posts : 6
    Join date : 2009-08-18
    Age : 30
    Location : Yangon
    ဦးမင်းလူ နှုတ်ထွက်သွားခြင်း
    Post by Hsumon on Wed Aug 19, 2009 9:23 am
    ယောက်ျားပီသတယ်ဆိုတာ
    ကိုယ်နိုင်တဲ့သူကို
    ဖိတွယ်တတ်တာဆိုရင် …။
    ရိုးသားတယ်ဆိုတာ
    သူများ မကောင်းကြောင်းနဲ့
    ကိုယ်ကောင်းကြောင်းကို
    မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။
    ကြိုးစားတယ်ဆိုတာ
    ကိုယ့်မိသားစု ကောင်းစားရေး
    တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။
    ဂုဏ်သရေရှိတယ်ဆိုတာ
    သူတစ်ပါးပေါ်
    အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။
    အားကိုးရတယ်ဆိုတာ
    ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
    ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။
    မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
    ငါ့နာမည်ဘေးမှာ
    `ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
    တဆိတ်လောက်
    တေးမှတ်ထားလိုက်စမ်းပါကွယ်။
    (မင်းလူ )
    avatar
    winkoko
    Second Member
    Second Member
    Posts : 20
    Join date : 2009-08-13
    Age : 30
    Location : ရန်ကုန်(ခေတ္တ)
    ဖတ်မိ၍ နှစ်သက်ခဲ့သောစာပေများ
    Post by winkoko on Thu Aug 20, 2009 3:10 pm
    ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားတာကြောင့်ရော၊ အလုပ်သဘောအရပါ နိုင်ငံတကာ ပညာရေးနဲ့ပတ်သက်တဲ့ Education Seminar လို့ခေါ်တဲ့ နိုင်ငံတကာ ကျောင်းတွေ၊ စကောလားရှစ်တွေ အကြောင်း မိတ်ဆက် ရှင်းလင်းပွဲတွေကို မကြာခဏတက်ဖြစ်ပါတယ်။ ဒီလို Seminar မျိုးတက်တဲ့ အခါတိုင်း တက်လာတဲ့ ပရိသတ်အများစုက လူငယ်တွေ ဖြစ်နေတာကိုလည်း သတိပြုမိပါတယ်။ လူငယ်တွေ နိုင်ငံတကာ ပညာရေးကို စိတ်ဝင်တစား ရှိနေတာတွေ့ရတာ အတော်လေး အားရမိပါတယ်။ အချို့သော Seminar တွေက တက်လာသူတွေ အတွက် သိသင့်သိထိုက်တာလေးတွေကို တင်ပြကြ၊ ဆွေးနွေးကြဆိုတော့ တက်လာတဲ့ သူတွေအတွက် အတော်လေး ဗဟုသုတရပြီး အကျိုးရှိသလို၊ တချို့ Seminar တွေကျတော့လည်း ကြော်ငြာ သက်သက်လို ဖြစ်နေတာ မျိုးလည်း ကြုံရတတ်ပါတယ်။
    မှတ်မှတ်ရရ တစ်ခုသော အိုင်တီနဲ့ ပတ်သက်တဲ့ ပညာရေး Seminar တစ်ခုမှာ ဟောပြောတဲ့သူက ဟောပြောတဲ့ အပိုင်းပြီးလို့ ထုံးစံအတိုင်း အပြန်အလှန် မေးမြန်းဖြေကြားတဲ့ အပိုင်းရောက်တော့ လာတက်တဲ့ အထဲက လူငယ် ပရိသတ်တစ်ဦးက ထမေးပါတယ်။ "ဒီသင်တန်း တက်ပြီးရင် လစာ ဘယ်လောက်ရတဲ့ အလုပ်မျိုး ရနိုင်သလဲ၊ ဒီဘွဲ့ရထားရင် စင်ကာပူမှာဆိုရင် လစာ ဘယ်လောက် ရတဲ့ အလုပ်မျိုး ရနိုင်သလဲ" လို့မေးပါတယ်။ မေးတဲ့ မေးခွန်းက နည်းနည်း ဂွတီးဂွကျ နိုင်သလိုရှိပေမယ့် တကယ်တမ်းကျတော့ Seminar လာတတ်တဲ့ အခြား လူငယ်တွေကလည်း သူ့လိုပဲ သိချင်နေကြပါတယ်။ ဒါကလည်း နိုင်ငံရပ်ခြားမှာ ပညာသင်သွားဖို့ စိတ်ကူးတဲ့သူတွေ အနေနဲ့ ကိုယ် ကျောင်းပြီးရင် ဘယ်လိုအလုပ်မျိုး ရနိုင်မလဲဆိုတဲ့ အိပ်မက်ကလည်း ရှိနေပြီးသား ဆိုတော့ ဒီလိုမျိုး မေးခွန်းမေးတာ ထူးသလိုနဲ့ မဆန်းဘူးလို့ပဲ ဆိုရမှာပါ။
    ဒါကို ဟောပြောသူက တိုတိုနဲ့ ရှင်းရှင်းပဲ ပြန်ဖြေခဲ့ပါတယ်။ "ခင်ဗျားရဲ့ ပရိုဖက်ရှင်နယ် အရည်အချင်း (Professional Capacity) ပေါ်မှာပဲ မူတည်ပါတယ်" လို့ ဖြေခဲ့ပါတယ်။ ပြန်ဖြေတဲ့ အဖြေအပေါ် မေးတဲ့ လူငယ်ရော၊ တက်လာတဲ့ အခြား လူငယ် ပရိသတ်ကော ဘယ်အတိုင်း အတာထိ သဘောပေါက် တယ်ဆိုတာ မသိပေမယ့်လည်း အဲဒီအဖြေအပေါ် ကျွန်တော် အတော်လေး သဘောကျနေမိပါတယ်။
    မှန်ပါတယ်။ ဘယ်ကျောင်းက ဘယ်ဘွဲ့တွေ ဘယ်လိုပဲရရ၊ လူတစ်ယောက် အနေနဲ့ သူ့ဘ၀မှာ ဘယ်လို အသက်မွေးဝမ်းကျောင်း အလုပ်မျိုးနဲ့ ရပ်တည်မလဲ၊ ကိုယ်ရပ်တည်တဲ့ အလုပ်မှာ ဘယ်လောက် အတိုင်းအတာ အထိ အောင်မြင်နိုင်မလဲ ဆိုတာ လူတစ်ဦးချင်းစီရဲ့ ပရိုဖက်ရှင်နယ် အရည်အချင်းပေါ်မှာပဲ မူတည်နေတယ် လို့ပဲ ဆိုပါရစေ။
    လုပ်ငန်းတစ်ခုမှာ လူတစ်ယောက်ကို အလုပ်ခန့်တယ် ဆိုတာ တတ်ထားတဲ့ ပညာရပ်၊ ရထားတဲ့ အောင်လက်မှတ်၊ ဘွဲ့လက်မှတ် တစ်ခုတည်းနဲ့တင် ဆုံးဖြတ်တာ မဟုတ်ပါဘူး။ လုပ်ငန်း အတွေ့အကြုံ၊ ကိုယ်ရည်ကိုယ်သွေးအပါအ၀င် အခြားအချက်တွေကိုလည်း လေ့လာပြီး ခန့်မယ့် လုပ်ငန်းရဲ့လိုအပ်ချက်နဲ့ ရွေးချယ်ပြီးဆုံးဖြတ် ကြပါတယ်။ သို့ပေမယ့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာပညာရပ်တွေကို လေ့လာသင်ယူတဲ့သူ တွေ၊ အထူးသဖြင့် တိုင်းခြား ရပ်ပြည်မှာ သွားပြီး ပညာသင်တဲ့၊ ပညာသင်ဖို့ ကြိုးစားနေတဲ့ သူတွေအနေနဲ့ ကိုယ်စိတ်ကူးထားတဲ့ ဘာသာရပ်ကို သင်ပြီးရင် ဘယ်လိုအလုပ်မျိုး ရနိုင်မလဲ ဆိုတာကို မျှော်တွေးတတ်ကြတာ သဘာဝပါ။
    avatar
    winkoko
    Second Member
    Second Member
    Posts : 20
    Join date : 2009-08-13
    Age : 30
    Location : ရန်ကုန်(ခေတ္တ)
    Re: ဖတ်မိ၍ နှစ်သက်ခဲ့သောစာပေများ
    Post by winkoko on Thu Aug 20, 2009 3:13 pm
    ဒီနေရာမှာ ပညာသင်ယူမှုနဲ့ ပရိုဖက်ရှင်နယ်လစ်ဇင်တို့ ဆက်စပ် ပတ်သက်မှုလေးကို နည်းနည်းလောက် ပြန်စဉ်းစားဖို့ လိုလာပါပြီ။ ခက်တာက ကျွန်တော်တို့ မြန်မာမှု နယ်ပယ်မှာ ဘယ်သူကစပြီး စကားဖလှယ် သုံးခဲ့တယ်တော့ မသိ။ ပရိုဖက်ရှင်နယ် (Professional) ကို ကြေးစားလို့ ဘာသာပြန် သုံးစွဲခဲ့တာတွေ ရှိခဲ့ပါတယ်။ အားကစား လောကမှာ Armature ကို အပျော်တမ်းလို့ ဘာသာပြန် ဆိုတာကြောင့် ဒါနဲ့ လိုက်လျော ညီထွေဖြစ်အောင်များ Professional ကို ကြေးစားလို့များ ဘာသာပြန်လိုက်မိလေ သလားလို့လည်း တွေးမိပါတယ်။ တကယ်တော့ ပရိုဖက်ရှင်နယ် ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ ကျယ်ဝန်းတဲ့ အဓိပ္ပာယ်တွေ ပါနေတယ်လို့ ဆိုနိုင်သလို မြန်မာစကားနဲ့ လုံးကောက် တိုက်ရိုက်ဖလှယ် သုံးလို့ရတဲ့ စကားလုံး မရှိဘူးလို့ပဲဆိုရမှာပါ။
    ဒီတော့ ပရိုဖက်ရှင်နယ်ဆိုတာ ဘာလဲလို့ ဆိုရရင် အတတ်ပညာ တစ်ခုခု၊ ပညာရပ် တစ်မျိုးမျိုးကို အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု အနေနဲ့ ရပ်တည် နိုင်လောက်အောင် ကျွမ်းကျင်စွာ တတ်မြောက်တဲ့ သူလို့ပဲ အကြမ်းဖျင်း ဆိုပါရစေ။ ဒါဟာ ပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်း လုပ်ငန်း နယ်ပယ်တစ်ခုတည်း ကိုသာဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့နေတဲ့ လူမှု ပတ်ဝန်းကျင်မှာပါ ပတ်သက် ဆက်နွယ် နေတတ်ပါတယ်။ ဈေးရောင်းတဲ့ ဈေးသည်အပါအ၀င် တက္ကစီ ကားဆရာကစလို့ ကော်ပိုရေးရှင်းကြီးရဲ့ စီအီးအို အဆုံး၊ ကားပြင်တဲ့ ၀ပ်ရှော့ဆရာအပါအ၀င် အင်ဂျင်နီယာ ပညာရှင်တွေအဆုံး၊ ကိုယ်လုပ်တဲ့အလုပ်ကို အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ ထူးချွန်စွာ ကျွမ်းကျင်တတ်မြောက်တဲ့ သူတိုင်းကိုဆိုလိုပါတယ်။ သို့ပေမယ့် စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များကတော့ ပရိုဖက်ရှင်နယ်လို့ဆိုရင် အဓိကအားဖြင့် စီနှစ်လုံး (Two C) လို့ခေါ်တဲ့ Competency နဲ့ Characters ပြည့်စုံဖို့ လိုတယ်လို့ သတ်မှတ်ကြပါတယ်။ ဆိုလိုတာက ပရိုဖက်ရှင်နယ် တစ်ယောက်ဖြစ်ဖို့ဆိုရင် အတတ်ပညာ တစ်ခုခုကို ကျွမ်းကျင်စွာ တတ်မြောက်တဲ့ (Competency) ရှိနေဖို့ လိုအပ်သလို ပရိုဖက်ရှင်နယ် တစ်ဦးမှာ ရှိ သင့်ရှိထိုက်တဲ့ ကျင့်ဝတ်စရိုက်နဲ့ စိတ်ဓာတ် (Characters) ပါ ပြည့်စုံနေဖို့ ဆိုလိုပါတယ်။ ဒီနှစ်ခုလုံး ပြည့်စုံမှ စစ်မှန်တဲ့ ပရိုဖက်ရှင်နယ် တစ်ယောက် ဖြစ်လာမှာလို့ ဆိုတဲ့သဘောပါ။
    တကယ်တော့ ကမ္ဘာပေါ်မှာ ရှိရှိသမျှသော အဆင့်မြင့်ပညာ သင်ကြားပေးနေတဲ့ ကျောင်းကြီး တွေဟာ ပညာရပ်ဆိုင်ရာ ဘာသာရပ်တွေနဲ့ နည်း ပညာဆိုင်ရာ ပညာရပ်တွေကို သင်ကြားနေကြတာဟာ တက်ရောက် သင်ကြားကြတဲ့ကျောင်းသား တွေရဲ့ ဘာသာရပ်အလိုက် လိုအပ်တဲ့ ကျွမ်းကျင်မှု (Competency) ကို ဦးတည်ပြီး သင်ကြားပေးကြတာပါ။ ပညာရပ် နယ်ပယ်အစုံ၊ ကျောင်းအမျိုးမျိုးမှာ တက်ရောက် သင်ယူနေတဲ့ ကျောင်းသားတွေ အနေနဲ့ကလည်း အနာဂတ်မှာ ပရိုဖက်ရှင်နယ် နယ်ပယ်တစ်ခုမှာ အတိုင်းအတာ တစ်ခုအထိ ရပ်တည် ရှင်သန်နိုင်မယ် ဆိုတဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်နဲ့ ကြိုးစားသင်ယူ နေကြတာပါ။ သင်ယူလို့ရလာတဲ့ ဘွဲ့လက်မှတ်တွေ၊ အောင်လက်မှတ်တွေဆိုတာ တကယ်တော့ ကိုယ်သင်ရတဲ့ ဘာသာရပ် တစ်ခုခုကို သတ်မှတ်ချက်အတိုင်း တာတစ်ခုအထိ အောင်မြင်တယ်၊ ပြီးမြောက်တယ်လို့ အသိအမှတ်ပြုတဲ့ သက်သေခံ Certificate တစ်ခုပါ။
    avatar
    winkoko
    Second Member
    Second Member
    Posts : 20
    Join date : 2009-08-13
    Age : 30
    Location : ရန်ကုန်(ခေတ္တ)
    Re: ဖတ်မိ၍ နှစ်သက်ခဲ့သောစာပေများ
    Post by winkoko on Thu Aug 20, 2009 3:13 pm
    ဒီလို သင်ယူ တတ်မြောက်လို့ ရလာတဲ့ ကျွမ်းကျင်မှု၊ တတ်ကျွမ်းမှုတွေကို စီမံခန့်ခွဲမှု ပညာရှင်တွေက Hard Skill လို့ခေါ်ကြပါတယ်။ ပရိုဖက်ရှင် နယ်တစ်ယောက် အနေနဲ့ ရပ်တည်ဖို့အတွက် Hard Skill ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါမှလည်း လူတစ်ယောက်အနေနဲ့ ပရိုဖက်ရှင်နယ်နယ်ပယ် တစ်ခုကို ၀င်ဆန့်မှာပါ။ ဆေးကျောင်း တက်ထားတဲ့ သူအနေနဲ့ ဆေးပညာရပ်နယ်၊ အင်ဂျင်နီယာ တတ်တဲ့သူ အနေနဲ့လည်း သက်ဆိုင်ရာ အင်ဂျင်နီယာနယ်ပယ်၊ ဟိုတယ်ပညာတတ်တဲ့ သူအနေနဲ့လည်း ဟိုတယ်လုပ်ငန်း ၀န်းကျင် စသည်စသည် ဖြင့် ကိုယ်ကျွမ်းကျင်တဲ့ အတတ်ပညာ၊ အသိပညာနဲ့ နီးစပ် ကျွမ်းကျင် နယ်ပယ်တွေ ၀င်ရောက်ရပ်တည်နိုင်မှာပါ။
    သို့ပေမယ့် ပရိုဖက်ရှင်နယ် တစ်ယောက်ဖြစ် ဖို့ရာမှာ Hard Skill တစ်ခုတည်းနဲ့ မလုံလောက်ဘူး လို့ဆိုပါတယ်။ Hard Skill လို့ဆိုတဲ့ ပရိုဖက်ရှင်နယ် တစ်ယောက်မှာ လိုအပ်တဲ့၊ ရှိလည်းရှိသင့်တဲ့ တန်ဖိုးထားမှု၊ ကျင့်ဝတ်၊ စရိုက်နဲ့ အမူအကျင့်တွေ (Professional Characters) လည်းရှိဖို့ လိုအပ်ပါတယ်။ ပြောတဲ့အတိုင်း လုပ်တတ်တာ၊ အချိန် မှန်တာ၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းနဲ့အတတ်ပညာ အပေါ် အမြဲတမ်း ပိုကောင်းအောင်၊ ပိုကျွမ်းကျင် နေအောင် ကြိုးစားနေတာ၊ ကိုယ်ရပ်တည်တဲ့ ပညာရပ်နဲ့ ကျွမ်းကျင်မှုအပေါ် တန်ဖိုးထား လေးစားတာ၊ ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အပြည့်အ၀ယုံ ကြည်မှုရှိသလို ယုံကြည်တဲ့ အတိုင်း မှန်မှန်ကန်ကန် ပြောရဲဆိုရဲ၊ လုပ်ကိုင်ရဲတဲ့ သတ္တိရှိတာတွေဟာ ပရိုဖက်ရှင်နယ် ပီသသူတွေမှာရှိတဲ့ အရည်အသွေး တွေပါ။ အပေါင်းအသင်းဆန့်တာ၊ တစ်ပါးသူကို ကူညီတတ်တာ၊ အကောင်းဘက်က တွေးတတ်တာ၊ အများနဲ့ မတူတဲ့ ရှုထောင့်ကနေ ကြည့်တတ်၊ မြင်တတ်တာတွေဟာလည်း အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေမှာ တွေ့ရတတ်တဲ့ ကိုယ်ရည် ကိုယ်သွေးတွေလို့ဆိုကြပါတယ်။
    ဖြစ်ချင်တော့ ကျွန်တော်အပါအ၀င် လူငယ် အများစုက Hard Skill နောက် တကောက်ကောက်လိုက်ရင်း (လိုက်ဖို့လည်းလိုအပ်ပါတယ်) Hard Skill ကိုလည်း တည်ဆောက်ဖို့ လိုတယ်ဆိုတာကို သတိမပြုမိကြတော့ပါဘူး။ ငယ်စဉ် ကလေးဘ၀ကတည်းက ကျောင်းမှာ စာတော်အောင်၊ စာမေးပွဲတွေမှာ အမှတ်ကောင်းအောင် အပြိုင်အဆိုင် ကြိုးစား အားထုတ်နေကြတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာတဲ့ သူတွေဆိုရင် ပိုဆိုးပါတယ်။ စာတော်တာ၊ ကျောင်းကောင်းကောင်းက ကျောင်းပြီးတာ၊ နာမည်ရှိတဲ့ အောင်လက်မှတ် ကောင်းကောင်းရတာ ဘ၀မှာ အောင်မြင်တဲ့သူ၊ အဆင်ပြေတဲ့သူဖြစ်ဖို့ နည်းလမ်းတွေလို့ တစ်ထစ် ချထင်နေတတ်ပါတယ်။ ဒါဟာ အတိုင်းအတာ တစ်ခုအထိသာ မှန်နိုင်ပေမယ့် အောင်မြင်တဲ့ ပရိုဖက်ရှင်နယ် တစ်ယောက်ဖြစ်ဖို့အတွက် လုံလောက်တဲ့ အကြောင်းတရားလို့ မဆိုနိုင်ပါဘူး။ အလုပ်ခွင်မှာ မပျော်တာ၊ လုပ်ငန်းခွင်မှာ ဆက်ဆံရေး အဆင်မပြေဖြစ်တာ၊ အလုပ်မကြာခဏ ပြောင်းနေရတာ၊ လုပ်ငန်းမှာ ကိုယ့်ရဲ့တိုးတက်မှု အလားအလာနဲ့ ပတ်သက်လို့ အမြဲ ကိုယ့်အခြေ အနေကို မကျေမနပ် ဖြစ်နေတတ်တာ တွေဟာ Hard Skill တစ်ခုတည်းနဲ့ မလုံလောက်ဘူး ဆိုတာရဲ့ အဖြေတစ်ခုပါ။
    ခက်တာက ကမ္ဘာပေါ်မှာ ဘယ်ကျောင်း၊ ဘယ်တက္ကသိုလ်ကမှ လူတစ်ယောက်ကို Professional Character ရှိလာအောင် တကယ်တမ်း သင်မပေး နိုင်ပါဘူး။ ကျောင်းတွေမှာ ဘာသာရပ် အလိုက် Ethics လို့ခေါ်တဲ့ လူမှုကျင့်ဝတ်နဲ့ ဆိုင်တဲ့ ဘာသာရပ်ကို အချို့ဘာသာရပ်တွေမှာ တွဲဖက်သင်ကြား ပေးနေတာ ရှိပေမယ့်လည်း လူတစ်ယောက်ကို သူရပ်တည်တဲ့ နယ်ပယ် အလိုက် ရှိသင့်ရှိထိုက်တဲ့ လူမှုကျင့်ဝတ်တွေ ရှိလာအောင် လုပ်ပေးဖို့ အာမမခံနိုင်ပါဘူး။ ပြောရရင် ဒီအပိုင်းဟာ ကျောင်းတွေက တိုက်ရိုက် လေ့ကျင့်ပေး၊ လုပ်ပေးနိုင်တဲ့ အပိုင်းလည်း မဟုတ်ပါဘူး။ Soft Skill ဟာ လူတစ်ဦးချင်းစီရဲ့ ခံယူချက်၊ ဘ၀အပေါ် တန်ဖိုးထားမှုနဲ့ ကြိုးစားအားထုတ်မှု၊ ကြီးပြင်းလာတဲ့ မိသားစုဘ၀တွေအပေါ်မှာ များစွာမှီတည်နေတယ်လို့ စီမံခန့်ခွဲမှုပညာရှင်များက ဆိုပါတယ်။ Hard Skill ကို ကျောင်းတွေ၊ သင်တန်းတွေမှာ လေ့လာသင် ယူလို့ရပေမယ့် Soft Skill ကတော့ ကိုယ်ကိုယ်တိုင် နေ့စဉ် ကြုံ တွေ့နေရတဲ့ လူမှုဘ၀ထဲမှာ ဖြတ်သန်းရင်း လေ့ကျင့်ပြုစုပျိုးထောင်ကြရတဲ့ အရည်အသွေးမျိုးလို့ ဆိုပါတယ်။
    ပရိုဖက်ရှင်နယ်နဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းကဏ္ဍ ပေါင်းစုံက ပရိုဖက်ရှင်နယ်တွေကို နှစ်နဲ့ချီပြီး သုတေသနလုပ်ခဲ့တဲ့ နာမည်ကျော် စီမံခန့်ခွဲမှု ပညာရှင် ဒေါက်တာဒေ့ဗ်ခါလီက အောင်မြင်နေတဲ့ပရိုဖက်ရှင်နယ်တွေမှာ တွေ့ရ လေ့ရှိတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်လို့ တူညီတဲ့အချက် ၁၀ ချက်ကို စုစည်းတင်ပြ ထားတာ ရှိပါတယ်။ ပရိုဖက်ရှင်နယ် ကိုယ်ရည် ကိုယ်သွေးရှိလာဖို့ ကိုယ်ကိုယ်တိုင်လေ့ကျင့် ပျိုးထောင်ပေးခြင်းဖြင့် တည်ဆောက်လို့ ရနိုင် တယ်ဆိုတာလည်း သူကဆိုပါတယ်။ ဒီအချက် ၁၀ ချက်ကို ကြုံတုန်း ပြန်ပြီးဖောက်သည် ချပါရစေ။
    avatar
    winkoko
    Second Member
    Second Member
    Posts : 20
    Join date : 2009-08-13
    Age : 30
    Location : ရန်ကုန်(ခေတ္တ)
    Re: ဖတ်မိ၍ နှစ်သက်ခဲ့သောစာပေများ
    Post by winkoko on Thu Aug 20, 2009 3:14 pm
    (၁) အလုပ်အပေါ် အလေးထားမှု
    အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ သူတို့လုပ်တဲ့ အလုပ်တိုင်းကို အလေးထားပြီး စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ကိုင်ကြပါတယ်။ သူတို့အတွက် ဘယ်လို အလုပ်မျိုးမှ အရေးမပါတဲ့ အလုပ်မရှိပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်အပေါ် အလေးထားမှုဟာ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ် တစ်ယောက်ရဲ့ သိသာ ထင်ရှားတဲ့အရည်အချင်း တစ်ခုပါ။ သူတို့ချမှတ်ထားတဲ့ ရည်မှန်းချက်ကို တစ်စိုက်မတ်မတ်နဲ့ စွဲစွဲမြဲမြဲဦးတည်ပြီး လုပ်တတ်ကြပါတယ်။ ကိုယ့်ဦးတည်ချက်ကို ဘယ်လို အခက်အခဲမျိုး ကြုံပါစေ နောက်မဆုတ်ဘဲ ကြိုးစားကျော်လွှားပြီး အောင်မြင်အောင် လုပ်တတ်ကြသလို ကိုယ့်ရဲ့လုပ်ဖော် ကိုင်ဖက်တွေကိုလည်း သူယုံကြည်တဲ့ အတိုင်း ဦးဆောင်မှု ပေးနိုင်ကြပါတယ်။
    (၂) အမြဲ ပိုကောင်းအောင် လုပ်ချင်တဲ့စိတ်ဓာတ်
    အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ သူတို့ရဲ့ အလုပ်နဲ့ပတ်သက်ရင် အမြဲတမ်း ကောင်းသထက်ကောင်းအောင်၊ တိုးတက်အောင် လုပ်လို့ ရနိုင်သမျှ ပိုတိုးတက်အောင် အမြဲတမ်း ကြံစည် ကြိုးစား အားထုတ်နေတဲ့ သူတွေလို့ ဆိုပါတယ်။ သူတို့ဟာ ပြိုင်ဘက်တွေ၊ အခြားသူတွေကို အနိုင်ယူချင်တဲ့ စိတ်ဓာတ်ထက် ကိုယ့်အလုပ်ကို အမြဲတမ်း ပိုကောင်းအောင် လုပ်တဲ့ အကျင့် ရှိတယ်လို့ဆို ကြပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို ပြိုင်ကြတယ်ဆိုတဲ့ သဘောပါ။ သူတို့ဟာ အောင်မြင်မှုကို ယစ်မူးသာယာနေကြတဲ့ သူမျိုးမဟုတ်ကြဘဲ အောင်မြင်တစ်ခု ရပြီးသွားရင် နောက်တစ်ခုအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေကြပါတယ်။
    (၃) မမျှော်လင့်ထားသည်များကို အကောင်းဆုံး ရင်ဆိုင်နိုင်ခြင်း
    လောကမှာ အသေချာဆုံးက မသေချာတာပဲလို့ အဆိုရှိပါတယ်။ ကိုယ် မျှော်လင့်ထားတာတွေ ဖြစ်မလာတဲ့အခါ၊ မမျှော်လင့်တာတွေ ဖြစ်လာတဲ့အခါ အကောင်းဆုံး ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ စိတ်ဓာတ်နဲ့ အလေ့အကျင့် ရှိဖို့လိုအပ်ပါတယ်။ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ မသေချာမှုတွေ၊ အဆင်မပြေမှုတွေနဲ့ ကျဉ်းထဲကျပ်ထဲအခြေ အနေတွေ ကြားထဲမှာပဲ အဆင်အပြေဆုံးဖြစ်အောင် ရင်ဆိုင် ဖြေရှင်းတတ်ကြပါတယ်။ လိုအပ်ရင် လိုအပ်သလို အခြေအနေနဲ့အလိုက် ပြောင်းလွယ်ပြင်လွယ် လုပ်နိုင်ကြပြီး ကိုယ့်ရည်မှန်းချက်ကို မရောက်ရောက်အောင် သွားနိုင်တဲ့ စိတ်ဓာတ် ရှိကြပါတယ်။
    (၄) ဆက်ဆံ ပြောဆိုမှုကောင်းမွန်ခြင်း
    ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအလုပ်မျိုး မှာလုပ်လုပ်၊ ဘယ်လို ရာထူးမျိုးနဲ့ပဲနေနေ ပြောဆို ဆက်ဆံကောင်းမွန်မှုဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ လုပ်ငန်းခွင်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အောင်မြင်တဲ့ ပရိုက်ဖက်ရှင်နယ်တွေ အနေနဲ့ ကိုယ်ပြောချင်တဲ့၊ သိစေချင်တဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း၊ တိတိ ကျကျ၊ ယုံကြည်မှုရှိရှိနဲ့ ပြောတတ်ဆိုတတ်၊ တင်ပြတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်အနေ နဲ့ သူတစ်ပါးနဲ့ပြောဆို ဆက်ဆံရာမှာ ရှင်းရှင်း လင်းလင်း ပြောဆို ဆက်ဆံတတ်တဲ့ အလေ့ အကျင့်ကောင်းကို ပျိုးထောင်ထားဖို့ လိုပါမယ်။
    (၅) သွက်လက်တက်ကြွတဲ့ အလေ့အထရှိခြင်း
    ဘယ်အလုပ်မဆို လေးတိလေးကန်လုပ်လို့ မပေါက်ရောက် နိုင်ပါဘူး။ စာသင်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် သွက်လက်တက်ကြွတဲ့ သူတွေဟာ အမြဲတမ်း အလုပ်ပိုပြီးလေ့ ရှိပါတယ်။ ဘယ်လိုနယ်ပယ်မှာပဲ ဖြစ်ဖြစ် အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ သူတို့အလုပ်နဲ့ ပတ်သက်ရင် အမြဲတမ်း တက်တက်ကြွကြွနဲ့ အဆင်သင့် ဖြစ်နေတတ်ကြတာကို တွေ့ရပါတယ်။ သူတို့ အလုပ်နဲ့ ပတ်သက်လို့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေဟာ သူတို့ရဲ့အလုပ်နဲ့ ပတ်သက်တဲ့ ထက်မြက်သွက်လက်မှုကို ဘယ်လိုမှ မထိခိုက်နိုင်ပါဘူး။
    avatar
    winkoko
    Second Member
    Second Member
    Posts : 20
    Join date : 2009-08-13
    Age : 30
    Location : ရန်ကုန်(ခေတ္တ)
    Re: ဖတ်မိ၍ နှစ်သက်ခဲ့သောစာပေများ
    Post by winkoko on Thu Aug 20, 2009 3:15 pm
    (၆) ရိုင်းပင်းကူညီတတ်သည့် အလေ့အထရှိခြင်း
    ပရိုဖက်ရှင်နယ်ကောင်းများဟာ မိသားစုဝင်တွေ အချင်းချင်းရော၊ လုပ်ငန်းခွင်မှာပါ ကူညီ ရိုင်းပင်းတတ်တဲ့ သူမျိုးတွေဖြစ်နေတာကို တွေ့ရပါတယ်။ စုပေါင်းလုပ်ဆောင်နိုင်မှု (Team Work) ကို အထူးအလေးထား တန်ဖိုးထားတတ်ကြသလို အခါများစွာမှာ သူတစ်ပါးကို ကူညီဖို့ လည်း အဆင်သင့် ဖြစ်နေတတ်ပါတယ်။ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေမှာ အပေါင်းအသင်း မိတ်ရင်း ဆွေရင်းတွေ အများအပြား ရှိနေတတ် ကြပြီး အဆက်အသွယ် ကောင်းတွေလည်း ရှိနေ တတ်ကြပါတယ်။
    (၇) ကိုယ်တိုင်စလုပ်ခြင်း
    အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေရဲ့ အလေ့ အထတစ်ခု ကတော့ လုပ်သင့်တယ်ထင်တဲ့ အလုပ်တွေကို ဘယ်သူကမှ ခိုင်းတဲ့အထိမစောင့်ဘူး ဆိုပါတယ်။ အသေးအမွှား အလုပ်ကစလို့ အရေးကြီးတဲ့ လုပ်ငန်းကြီးတွေအထိ လုပ်သင့်တယ်လို့ ယုံကြည်ရင် ဘယ်တော့မှ လက်တွန့်နေတာ၊ နှောင့်နှေးနေတာမျိုး မရှိဘဲ တာဝန်ယူတတ်တဲ့ စိတ်၊ တာဝန်ခံတတ်တဲ့ စိတ်မျိုးနဲ့ ကိုယ်ကစပြီး လုပ်ကိုင်တတ်ကြပါတယ်။
    (၈) အလုပ်ဖိအားဒဏ်ကို ခံနိုင်ရည်ရှိခြင်း
    တကယ်အလုပ် လုပ်ကြတဲ့အခါ ဘယ်လုပ်ငန်းခွင်မှ စိတ်ဖိစီးမှု မရှိတဲ့ အလုပ်ရယ်လို့ မရှိသလောက်ပါပဲ။ ထူးချွန်တဲ့ ပရိုဖက်ရှင်နယ်တွေအတွက် လုပ်ငန်းခွင် စိတ်ဖိစီးမှုဟာ သူတို့ အလုပ်အတွက် တွန်းအားတစ်ခုလို့ ဆိုပါတယ်။ အလုပ်နဲ့ပတ်သက်လို့ စိတ်ဖိစီးမှုတွေ ရှိတဲ့အခါမျိုးမှာ တည်တည်ငြိမ်ငြိမ်နဲ့နေပြီး ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်သွားနိုင်တဲ့ အရည်အချင်းတွေ သူတို့ဆီမှာရှိကြပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ သူတစ်ပါးကို အလွယ် တကူအပြစ်ပုံချတာမျိုး၊ ခေါင်းရှောင်တာမျိုး မရှိကြပါဘဲ လုပ်သင့်တာကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ကြပါတယ်။
    (၉) စဉ်ဆက်မပြတ်လေ့လာနေခြင်း
    ပရိုဖက်ရှင်နယ်တွေဟာ ကိုယ်ရပ်တည်တဲ့ ပရိုဖက်ရှင်နယ် နယ်ပယ်မှာ ကျွမ်းကျင်မှု ရှိရုံသာမက ကိုယ့်ကျွမ်းကျင်တဲ့ အတတ်ပညာ နယ်ပယ်နဲ့ ပတ်သက်လို့ အမြဲတမ်း စဉ်ဆက်မပြတ် လေ့လာနေကြပါတယ်။ အသစ်အသစ်သော တိုးတက်ဖြစ်ပေါ်မှုတိုင်းကို မျက်ခြေပြတ်မခံဘဲ တတ်သိနားလည်အောင် ကြိုးစား အားထုတ်ကြပါတယ်။
    (၁၀) ဦးဆောင်နိုင်တဲ့အရည်အချင်းရှိခြင်း
    ခေါင်းဆောင်နိုင်မှု အရည်အချင်းဟာ နယ်ပယ် အသီးသီးမှာရှိနေတဲ့ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တိုင်းမှာ တွေ့ရတတ်တဲ့ အရည်အသွေး တစ်ခုပါ။ သူတို့ဟာ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်လို့ အခြေအနေမှန်ကို အကောင်းဆုံးသုံး သပ်နိုင်တဲ့ သူတွေဖြစ်ကြပါတယ်။ အခက်အခဲ တွေကို လမ်းသစ်ထွင် စဉ်းစားနိုင်တဲ့သူ၊ ပြဿနာ တွေကို ဖြေရှင်းနိုင်တဲ့ သူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ လုပ်သင့်တဲ့ ကိစ္စတွေကို သတ္တိရှိရှိနဲ့ လုပ်ရဲ၊ ကိုင်ရဲ၊ ပြောဆိုရဲတဲ့ သူတွေဖြစ်ကြလို့ လုပ်ငန်းခွင်မှာ လူအများက လေးစားအားကိုး ခံရတဲ့သူတွေအနေနဲ့ တွေ့ရပါတယ်။ တကယ်တော့ ပရိုဖက်ရှင်နယ်စိတ် ဓာတ်ရှိမှု၊ တစ်နည်းအားဖြင့် ပရိုဖက်ရှင်နယ် ဆန်မှု၊ မဆန်မှုဟာ လူတစ်ယောက်ချင်းစီရဲ့ အကျိုးစီးပွားသာ မကဘဲ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအပါအ၀င် ကဏ္ဍ အသီးသီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက်အကျိုးသက် ရောက်မှုရှိပါတယ်။ ယနေ့နိုင်ငံတကာမှာ ပရိုဖက်ရှင် နယ်အင်အား တောင့်တင်းတဲ့ လူ့စွမ်းအားအရင်းအမြစ် ကောင်းတွေရှိတဲ့ နိုင်ငံတွေဟာ သက်ဆိုင်ရာ နိုင်ငံတကာ ဈေးကွက်တွေမှာ ဦးဆောင်နေရာ ယူထားနိုင်ကြတာကို တွေ့ရမှာပါ။ ဒီလို လူသားအရင်း အမြစ်ကို မူတည်လို့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုစီးဝင်မှု၊ ကုန်ထုတ်လုပ်မှု တိုးတက်မှု စတဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးဆက်တွေ ဆင့်ကဲ ဖြစ်ထွန်းလာပါတယ်။ ဒီဖွံ့ဖြိုးတိုးတက်မှု တွေကလည်း တစ်ခါပြန်ပြီး သက်ဆိုင်ရာ ကဏ္ဍတွေမှာ ပရိုဖက်ရှင်နယ်တွေ ပိုမို ထွက်ပေါ်လာအောင် တွန်းအားပြန်ပေးပါတယ်။ ဒီလိုနဲ့ ပရိုဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့ အပြန်အလှန် အကျိုးပြုပြီး ဖြစ်ထွန်း လေ့ရှိပါတယ်။ အချုပ်အားဖြင့်ဆိုရရင် ပရိုဖက်ရှင်နယ် ဆိုတာ အတတ်ပညာရော အသိပညာပါ ရှိတဲ့သူလို့ ဆိုရမှာပါ။ ပရိုဖက်ရှင်နယ်ကောင်း တစ်ယောက် ဖြစ်ဖို့ရာမှာ ကိုယ်တိုင်လေ့လာ သင်ယူမှုတွေနဲ့ ရေရှည် တည်ဆောက်သွားရတဲ့ ခရီးရှည် တစ်ခုပါ။ ဒါကြောင့် လူငယ်တွေအနေနဲ့ အခြေခံပညာပြီးလို့ အဆင့်မြင့် ပညာသင်ယူတဲ့ အခါမှာ ကိုယ်ဝါသနာပါတဲ့၊ ကိုယ့် အတွက် အမှန်တကယ် အသက်မွေးဝမ်းကျောင်း လုပ်နိုင်မယ့် ပညာရပ်တွေကို သေသေချာချာရွေး ချယ်ပြီး လေ့လာသင်ယူဖို့လိုသလို၊ တစ်ချိန်တည်းမှာပဲ ပရိုဖက်ရှင်နယ်ကောင်း တစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့် ကောင်းတွေကို လေ့ကျင့်ဖြည့်ဆည်းသွားဖို့ လိုအပ်တယ်။ ဒါမှ ဘက်စုံထူးချွန်တဲ့ ပရိုဖက်ရှင်နယ် ကောင်းတွေဖြစ်လာမှာပါ။ မြန်မာလူငယ်များ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်များ ဖြစ်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း...။
    သူရိန်ငယ်
    Ref: Ten Traitrs of Successful Professionals by Dave Kahle.
    avatar
    winkoko
    Second Member
    Second Member
    Posts : 20
    Join date : 2009-08-13
    Age : 30
    Location : ရန်ကုန်(ခေတ္တ)
    Re: ဖတ်မိ၍ နှစ်သက်ခဲ့သောစာပေများ
    Post by winkoko on Thu Aug 20, 2009 3:17 pm
    ဤစာစုအား ကျွန်ုပ်အနေဖြင့် တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ခြင်းမရှိဘဲ မူရင်းအတိုင်းသာတင်ပြခြင်းသာဖြစ်ပါသည်။
    avatar
    Hsumon
    First Member
    First Member
    Posts : 6
    Join date : 2009-08-18
    Age : 30
    Location : Yangon
    တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး
    Post by Hsumon on Fri Aug 21, 2009 1:33 pm
    အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများ လေးစားကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာ ဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။
    ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့ တောလိုက်ထွက်ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးက သေနတ်နဲ့ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေးသွားခဲ့တယ်။ အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင် အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။
    သခင်ရဲ့ အပြစ်စကားကို ကြားတော့ ခွေးက တတ်နိုင်သလောက်ကြိုးစားခဲ့တာတောင် အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။
    သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တသြ ဝိုင်းမေးကြတယ်။
    "ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?"
    "ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့ ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး"
    ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible ကျမ်းစာထဲက အခန်း ၅ မှ ၇ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။
    Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ၇ထိက စာလုံးပေါင်း သောင်းဂဏန်းထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့ ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။
    ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးက ဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိ အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို ကလေးငယ်တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့သြခဲ့မိတယ်။ လူငယ်ရဲ့ မှတ်ဥာဏ်ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာ တအံ့တသြမေးခဲ့တယ်။
    "ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?"
    "ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။
    နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမ္ဘာကျော် Softwareကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။
    လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊ လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို သိပ္ပံပညာရှင်တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့ လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း တက်ရောက်နိုင်ပါတယ်။ နောက်ပြီး ဘာသာစကား (၂ဝ)မျိုးလောက် တတ်နိုင်ပါသေးတယ်။
    ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က အိပ်မောကျနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊ ထီထွင်ချင်တယ်ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။ အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။
    မူရင်း --- 尽力而为还不够
    ဒီ post လေးကို မနိုင်းနိုင်းစနေ ရဲ့ blog က ကူးယူဖော်ပြတာပါ။
    ကိုယ့်ကိုကိုယ် တွေးနေမိတယ်
    အခုအချိန်ထိ အစွမ်းကုန်ထားလို့ တတ်နိုင်သလောက်တောင်မကြိုးစားမိသေးဘူးလို့
    Sponsored content
    Re: ဖတ်မိ၍ နှစ်သက်ခဲ့သောစာပေများ
    Post by Sponsored content
      Current date/time is Sat Nov 25, 2017 8:40 am